|
|
ဒီအခန်းမှာ ဘဏ်ကဒ်လုပ်နည်း အသေးစိတ် ရှင်းပြမယ်၊ ပေမရှေချင် ပေမဲ့ မဖြစ်မနေ ရှည်ရဦးမယ်၊ ခင်ဗျားတို့ အလုပ်တစ်ခုလုပ် တော့မယ်ဆိုရင် အလုပ်ကို ဦးစားပေးပါ၊ အလုပ်ကို ပထမ ငွေကိုဒုတိယထားပါ၊ အွန်လိုင်းမှာ ငွေရှာတယ်ဆိုတာ လိုအပ်တဲ့ အရည် အချင်းတွေ ပြည့်ဖို့လိုပါတယ်၊ ခင်ဗျားတို့ ငွေကို ပဲ အဒိကထားနေရင် ခဏအတွင်း ကျဆုံး ရနိုင်ပါတယ်၊ အလုပ်တာ တကယ် လုပ်တတ်သွား ရင် အွန်လိုင်း ဆိုတာ လုပ်စရာတွေ ပုံနေလွန်းလို့ ငွေရနိုင် တဲ့ ဆိုက်က ဒုနဲ့ ဒေးပါ၊ အွန်လိုင်း မှာ တကယ် ငွေရှာ လို့ရတဲ့ ဆိုက် သန်းနဲ့ ချီရှိပါတယ်၊ အရည်သွေးတာ ပြည့်အောင် ဖြည့်ပါ၊ အလုပ်က ရှိပြီး သာ၊ အလုပ်ရှိမှတော့ ငွေဆိုတာ သုံးမကုန်အောင် ရှာနိုင်ပါတယ်၊ ခင်ဗျား ကိုတိုင် ရွှေးချင်ရခက်၊ စဉ်းစားရခက်နေသလား၊ ဘာမှမပူနဲ့၊ ကျုပ်ကိုမေး၊ အားလုံးအဖြေရမယ်၊ ခင်ဗျားကျွမ်းကျင်တဲ့ ပညာတစ်ခု ရှိမယ်၊ အလုပ်မရှိဘူး ဖြစ်နေမယ်၊ မပူနဲ့ ကျုပ်ကိုမေး၊ ကျုပ်ဖြေပေးမယ်၊ ကျုပ် အရာရာတော့ မသိဘူး၊ ဒါပေမဲ့ ကျုပ်သိတဲ့အပိုင်း ဆိုချက်ချင်း ကူညီပေးမယ်၊ မသိရင် ကျုပ်တို့အဖွဲ့မှာ ဆရာ့ဆရာ ကြီး တွေ ပုံလို့၊ ခင်ဗျား လိုချင်တဲ့ အဖြေ ရစေရမယ်၊ အဲ တစ်ခုတော့ရှိတယ် ကျုပ်အခု ပြော နေတာ ကွန်ပြူတာနဲ့ ပက်သက်တဲ့ပညာ အလုပ်အကိုင်နော်၊ တခြားတော့ ကျုပ်လဲမသိဘူး၊ ကဲ ဘာဏ်ကဒ်စလုပ်ကျစို့၊
ကျွန်တော့ ရဲ့ Online Bank ACC: ဆိုတဲ့နေရာ မှာ ဘာဏ်ကဒ်လုပ်ရာ မှာ အရေး ကြီးတဲ့ အချက်သုံး ချက်ကို ရှင်း ပြပြီးပါပြီ၊ အခုအလုပ်စလုပ်ဖို့ အဓိကလိုအပ်ချက် ဖြစ်တဲ့ အွန် လိုင်အကောင့် ဖွင့် ပိုကို ရှင်း ပြမယ်၊ အွန်လိုင်း အကောင့် ရှိ ရင် အလုပ်စ၀င်လို့ရပါပြီ၊ ကျွန်တော် တို့ အွန်လိုင်းအကောင့် ဖွင့် ရာမှာ အများသုံး ဖြစ်တဲ့ Paypal နဲ့ Alertpay ကို ရွေးချယ်ကျပါစို့၊ ဒီနေရာမှာ ပြောစရာရှိတာက Paypal ကမြန်မာ နိုင်ငံနဲ့ အလုပ်မလုပ် ဘူးဗျ၊ သူက အပြည်ပြည် ဆိုင်ရာ ဘဏ်ဥမဒေ ပုဒ်မ အရ စီးပွားရေး ပိတ်ဆို့ခံ ထားရတဲ့ နိုင်ငံ နဲ့ အလုပ်မလုပ်ဘူးတဲ့၊ အဆိုးဆုံးကတော့ (free account) တောင်ဖွင့်လို့မရတာပါပဲ၊ Pre Internatioanl Third Law) အပြည်ပြည် ဆိုင်ရာဘဏ်ဥပဒေ ပုဒ်မ ၃ လို့ပြောတယ်၊(Paypayl မှသုံးချင်သပါ့ဆိုရင်တော့ ထိုင်းသွားပြီးတာလုပ် ရတယ်၊ အဲ မြန်မာ ပြည်သုံး HTTP Proxy နဲ့တော့ သွားမစမ်းနဲ့ သူတို့ကခင်ဗျား ကွန်ပြူတာ အိုင်ပီ လိပ်စာ ဘယ်ကလာလဲ ကောင်းကောင်းသိတယ်)ဒါပေမဲ့ စိတ်မပူပါ နဲ့  မြန်မာ နိုင်ငံ နဲ့ လုပ်လို့ ရမဲ့ အနေအထားတစ်ခု ရှိပါတယ်..
ရိုးရိုးကျော်တာတော့ မဟုတ်ဘူးပေါ့ဗျာ freedom နဲ့ကျော်ပေါ့နော်...(အကောင့်ဖွင့်နည်းနဲ့ software ကို တင်ပေးထားတယ်.. စမ်းပြီးလုပ်ကြည့်လိုက်ပေါ့)
Alertpay မှာ အကောင့် ဖွင့်တော့ မယ်ဆိုရင်အောက်ပါပုံကိုနှိပ်ပါ၊
အောက်ပါစာမျက်နှာကို တွေ့ရပါလိမ့်မယ်၊
အထက်ပါပုံရှိမြှားပြထားသော sign up လုပ်ရန်နေရာနှစ်ခုမှ ကြိုက်ရာနေရာတွင် ခလစ်တစ်ချက်ထောက်ပါ၊ ဒါဆိုရင် အောက်မှာပြထားသောပုံမျိုးပေါ်လာပါလိမ့်မယ်၊
အထက်ပါဇယားမျိုးတွေ့ ပါက
မြှား ၁ ရှိ Select Your Country ဆိုတဲ့ အပိုင်း မှာ နိုင်ငံကို ဖြည့် ရမယ်၊ နိုင်ငံ ရှာဖို့အတွက် အောက်ဖက်ကို ညွန်းထားတဲ့ ဘယ်ဘက်က မြှားလေး မှာ pointer ထောက်လိုက်ရင် drop down box ကျလာမယ်၊ အဲဒီမှာ Thailand ကိုရှာပြီး click တစ်ချက်နှိပ်ပါ၊ ဒါဆိုရင်နိုင်ငံရွှေးချယ်မူပြီးသွားပါပြီ၊ (ဘာလို့ထိုင်လန်ထည့်တာလဲ မမေးနဲ့၊ ဒို့မြန်မာ နိုင်ငံ ကပါမှမပါတာ၊ ဒါပေမဲ့ မပူနဲ့၊ သူက မြန်မာ နိုင်ငံကနေ သုံးလို့ရတယ်၊ PayPal လို ကွန်ပြူတာ IP လိပ်စာကြည့်ပြီး အသုံးပြုခွင့် ပိတ်မှာမဟုတ်ဘူး၊) ခင်ဗျားရဲ့အကောင့် ကိုတာ လုံချုံအောင်သိမ်းပါ၊ Password ကိုမာမာ လေး သုံး၊ မသိရင် Password generator software တစ် ခု free download ယူပြီး မာတဲ့ password ထွင်သုံး၊ ဒါဆိုရင် စိတ်ချရပြီ၊ ခင်ဗျားကလွဲပြီး ဘယ်သူမှ အဲ့ဒီ့ ခင်ဗျား အကောင့် ထဲက ပိုက်ဆံကို သမ လို့ရ မှာမဟုတ်ဘူး၊ သူများ နိုင်ငံအစားထိုးရလို့ ဘာမှ စိတ်မကောင်းမဖြစ်နဲ့ ဒို့လည်း မကြာခင် ရတော့ မှာ ခုတော့ ထိုင်း ကို အစားထိုးထား၊ ဘာပြသနာမှမရှိဘူး၊
မြှား ၂ တွင် Select Your Account Type မှာ Personal Starter ကိုရွှေး၊ ရွှေးဆိုတာ အဲ့ဒီ့ ပုံပေါ်မှာ click တစ်ချက်နှိပ်ခိုင်းတာ၊ နှိပ်ပြီးရင် ဘေးက အမှတ်က အစိမ်ရောင် ဖြစ်သွားလိမ့်မယ်၊
ပြီးရင် မြှား ၃ မှာပြထားတဲ့ Next Step ဆိုတဲ့အကွက်ကို တစ်ချက်နှိပ်ပါ၊ ဒါဆိုရင်တော့ အောက်မှာပြထားတဲ့ပုံမျိုး ပေါ်လာပါလိမ့်မယ်၊
ဒါဆိုရင် အောက်ပါစာမျက်နှာမျိုးကိုတွေ့ရလိမ့်မယ်၊
မြှား ၁၊ Salute ဆိုတာ အလေးပြုတာ၊ လေးစားကြောင်း ပြတာ၊ အဲ့ဒီးတော့ ဒီနေရာမှာ Salutation ဆိုတာက ခင်ဗျားကို ဘယ်လို အလေး ထားပြီး ခေါ်ဆိုရမလဲပေါ့၊ ဦးဦး လား ဒေါ်ဒေါ်လားပေါ့ဗျာ၊ ယောက်ကျားဆိုရင် Mr မိန်းမ ဆို ဆိုရင် Mrs ၊ အပျိုဆို Ms ဒါပဲ ဖြေ့ပေးလိုက်၊
မြှား ၂၊ first name ကိဖြည့်ရမှာပါ၊ သင့်နာမည်ရဲ့ ဦးပိုင်းကိုဖြည့်ပေးရပါမယ်၊ ဥပမာ သင့်နာမည်က ဆရာဂွစာ ဆိုပါစို့ ဦးပိုင်းကို ဆရာဆိပြီးထည့်ရပါမယ်။
မြှား ၃၊ ဒါကတော့ သင့်နာမည်ရဲ့ အမြှီးပိုင်းကို ထည့်ပေးရမဲ့ နေရာပါ၊ ဥပမာ သင့်နာမည်က ဆရာဂွစာ ဆိုပါက အမြီးပိုင်းဖြစ်တဲ့ ဂွစာ ကိုထည့်ပေးရမယ့်နေရာပါ၊၊
မြှား ၄၊ Address line 0ne မှာ သတိထားဖြည့်၊ မသိရင် ထိုင်းနိုင်ငံ ရဲ့ ၀က်ဆိုက် တစ်ခုခု ၀င်ပြီးရှာ၊ သေချာတာကတော့ ခင်ဗျား မှန်မှန်ကန်ကန်လုပ်နေသရွေ့ သူတို့ ဘယ်တော့မှ ခင်ဗျားလိပ်စာ ကိုလိုက်ရှာမှာမဟုတ်ဘူး၊ မသိရင် ဥပမာ ပေးမယ် 41/68E Wayward Road အဲ့ဒါမျိုးဖြည့်လိုက်ပါ၊
မြှား ၅၊ ဒီနေရာက ဘာမှမဖြည့်ပဲ ချန်ခဲ့လို့ရပါတယ်၊ ဒီတိုင်းထားခဲ့ပါ၊
မြှား ၆၊ ဒါကတော့ မြို့ကိုမေးတာ သင်ကြိုက်တဲ့မြို့ကိုထည့်နိုင်ပါတယ်၊ ဒီ့အတွက်တော့ သင်နေထိုင်တဲ့မြို့တည့်ထည့် တခြားမြို့ထည့်ထည့် ရပါတယ်၊ ထိုင်းနိုင်ငံက မြို့ကို ထည့်ရင်တော့ အကောင်းဆုံးပါ၊ ဥပမာနေနဲ့ မြို့ နည်းနည်းကို ပြောပေးပါမယ်၊ Bankork, Chaing Rai, Mae Sai, Mae Far Lone, Ching Sein, စသဖြင့်အစဉ်သင့်တာထည့်နိုင်ပါတယ်။
မြှား ၇၊ ဒါကတော့ ဗမာလို ဒေသ ကိုပြောတာပါ၊ နားလည်အောင်ပြောရရင်သင်နေတဲ့ ခရိုင်ကိုမေးတာ၊ အဲ့ဒီ့နေရာမှာလဲ Bankork, Chaing Rai, Mae Sai, Mae Far Lone, Ching Sein, ကြိုက်တာ ထည့် နိုင်ပါတယ်၊
မြှား ၈၊ Postal Code ကမြန်မာလိုဆိုရင်တော့ စာတိုက်အမှတ်လို့ ခေါ်မယ်၊ စာတိုက်ဗုံးပေါ့၊ သူ့မှာ ဂဏန်း ၅ လုံးဖြည့်ရမယ်၊ ဥပမာ 57130(သင့်တော်သလို ရွီးလိုက်ပေါ့နော်)
မြှာ ၉၊ နိုင်ငံနေရာမှာတော့ ဖြည့်ပြီးသားဖြစ်နေမယ်၊ မဖြည့်ရသေးရင် Thailand ကိုရွေးပါ။
မြှား ၁၀၊ ဒါကတော့ နိုင်ငံသား၊ ပြည်သားကို မေးတာပါ၊ ကံကောင်းထောင့်မစွာနဲ့ပဲ Burma ကိုရွေးလိုက်ပါ၊
မြှား ၁၁၊ ဒါကတော့ ဖုန်းနံပါတ်ပါ၊ သင်နိုင်ငံနေရာမှာ Thailand ကိုရွေးထားရင်တော့ +66 ပေါ်နေပါလိမ့်မယ်၊ နောက်ကအကွက်မှာ 083 နဲ့စတဲ့ ဂဏန်း ၁၀ လုံးထည့်ပါ၊ ဥပမာ-083766483(ပြောင်းလိုက်ပေါ့နော်..ကျွှန်တော် လိုင်းတားထားတဲ့နေရာမှာ သင့်တော်သလိုပေါ့...)
မြှား ၁၂၊ ဒါကတော့ သင့်ရဲ့ အလုပ်အကိုင်ပေါ့၊ ဒီနေရာမှာလဲ နှစ်သက်ရာတစ်ခုကိုရွေးလိုက်ပါ၊ ညာဘက်က အောက်စိုက်ထားတဲ့မြှားလေးကို တစ်ချက်နှိပ်ရင်ဖြင့် ဇယားကျလာမယ်၊ ကျလာတဲ့ ဇယားကနေ ကြိုက်တဲ့ နာမည်တစ်ခုရွေးလိုက်ပါ၊
မြှား ၁၃၊ ဒါကတော့ သင့်ရဲ့ မွေး နေ့၊ မွေး လ၊ မွေး ရက် ကိုဖြည့်ရမဲ့နေရာပါ၊
မြှား ၁၄၊ Next step ကိုနှိပ်၊ ဒါဆိုရင်တော့ အောက်က ပုံမျိုးပေါ်လာပါမယ်၊
(ကျွှန်တော် လိုင်းထားတဲ့ နေရာ တွေ မှာ သေချာဖြည့်ပေးပါ....အဲဒါမှ သင့် အကောင့်ရပါလိမ့်မယ်)

မြှား ၁၊ သင့်ရဲ့ အီးမေးလိပ်စာပါ၊ ဒီနေရာမှာသင့်ရဲ့ အီးမေးလိပ်စာကိုဖြည့်လိုက်ပါ၊
မြှား ၂၊ password ပါ၊ အရေးကြီးပါတယ် သင့်ရဲ့ ဘဏ်အကောင့်ထဲကို ၀င်ရင် ဒါကိုဖြည့်ပြီးဝင်ရမှာပါ၊ သတိထားပြီး မှတ်မိစေမဲ့ password ပိုပေးပါ၊ အနည်းဆုံးတော့ ဂဏန်း ၈ လုံးဖြစ်သင့်ပါတယ်၊
မြှား ၃၊ ဒီနေရာကတော့ မြှား ၂ မှာ သုံးခဲ့တဲ့ Password ကိုနောက်တစ်ကြိမ် ရိုက်ခိုင်းတာပါ၊ နောက်တစ်ကြိမ်ထပ်ဖြည့်ပေးလိုက်ပါ၊
မြှား ၄၊ ဒီနေရာမှာတော့ သင့်ငွေထုတ်တဲ့ အခါဖြည့်ရမဲ့ ဂဏန်းကိုထည့်ရမှာပါ၊ ကိန်းဂဏန်းပဲထည့်လို့ရပါတယ်၊ အနည်းဆုံးလေးလုံးကိုထည့်ရပါမယ်၊ အရေးကြီးပါတယ်၊ သူပြောက်သွားရင်တော့ ငွေက ထုတ်လို့ရတော့မှာမဟုတ်ပါဘူး၊ သေချာမှတ်စေချင်ပါတယ်၊
မြှား ၅၊ မြှား ၄ မှာ ထည့်ခဲ့တဲ့ ဂဏန်းတွေကို သေ ချာ အောင်နောက်တစ်ကြိမ်ထက်ပြီး ထည့်ခိုင်းတာပါ၊ မြှားလေးမှာ ထည့်ခဲ့တဲ့အတိုင်း ပြန်ထည့်ပေးလိုက်ပါ၊
မြှား ၆၊ ဒါကတော့ လုံခြုံရေးမေးခွန်းပါ အကယ်၍သင့်ရဲ့ အချက်အလက်တစ်ခုခု မေ့သွားတယ် ပျောက်သွားတယ်ဆိုရင် ဒီမေးခွန်းကို သင့်ကိုပြန်မေးပြီး ဖြေနိုင်မှာသာလျှင် password ကိုထုတ်ပေးမှာပါ၊ ကြိုက်တဲ့ မေးခွန်းတစ်ခုရွေးပါ၊
မြှား ၇၊ ဒါကတော့ မြှား ၆ မှာရွေးခဲ့တဲ့ မေးခွန်းရဲ့ အဖြေကို ပြန်ဖြေပေးရမှာပါ၊ ကြိုက်တာဖြေလို့ရပါတယ်၊ သင်ဖြေတဲ့ အဖြေကို သင်ကိုတိုင်မှတ်မိဖို့လိုပါတယ်၊ ဥပမာအနေနဲ့ သင်မြှား ၆ မှာ ဆရာမ နာမည်ကို ရွေးခဲ့ရင် မြှား ၇ မှာ ဆရာမှနာမည်ကိုပြန်ဖြေရမှာပါ၊ ဒီတော့ကာ သင်ရဲ့ အဖြေကို သူတို့မှတ်ထားပြီး အကြောင်းကိစ္စပေါ်ရင် ဒီမေးခွန်းကိုမေးမယ်၊ သင်က သင်ဖြေခဲ့တဲ့ အဖြေကိုပြန်ဖြေပေးရမယ်၊
မြှား ၈၊ ဒိမှာတော့ No သာရွေးလိုက်ပါ၊ သူက ဒီအကောင့်ကို သင်တစ်ယောက်ထဲသုံးမှာလား သူများနဲ့ မျှသုံးမှလားမေးတာပါ၊
မြှား ၉၊ အပေါ်မှာတွေ့တဲ့စာလုံးကို အောက်က အကွက်ထဲ ပြန်ရိုက်ပေးရုံပါပဲ၊
မြှား ၁၀၊ မြှားပြထားသောနေရာရှိလေးထောင့်အကွက်တွင် ခလစ်တစ်ချက်နှိပ်ပါ၊
မြှား ၁၁၊ Final Step ကိုတစ်ချက်နှိပ်ပါ၊ ဒါဆိုရင်တော့ နောက်ထပ်စာမျက်နှာတစ်ခု အောက်ပါအတိုင်း ပေါ်လာမယ်၊
အထက်ပါစာမျက်နှာမျိုးတွေ့ရပါက သင်အောင်မြင်တော့မယ်ဆိုတာကိုပြောတာပါ၊ ဒါပေမဲ့ အဆင့်တစ်ဆင့်တော့ကျန်ပါသေးတယ်။ ဒါကတော့ ကုမ္မဏီက သင့်ရဲ့ email ကိုစာတစ်စောင်ပို့လိုက်တာပါပဲ၊ အဲ့ဒီစာကို အခုသွားဖတ်ရပါမယ်၊ ဒါ့အတွက်တော့ သင်ရဲ့ အီးမေးကိုသွားဖွင့်လိုက်ပါ၊ အောက်ပါကဲ့ သို့ ကုမ္မဏီက စာရောက်နေတာတွေ့ရမှာပါ၊
မြှားပြထားသောနေရာမှာ Alertpay ဆိုတဲ့လိပ်စာနဲ့ ကုမ္မဏီက သင့်ကိုစာပို့လိုက်ပါတယ်၊ တစ်ချက်နှိပ်ပါ၊ ဒါဆိုရင်တော့ အောက်ပါပုံမျိုးပါတဲ့ စာစောင်ပွင့်လာမှာပါ၊
အထက်ပါပုံရှိမြှားပြထားသောနေရာကိုတစ်ချက်နှိပ်ပါ၊ ဒါဆိုရင်တော့ အောက်ပါပုံမျိုးထပ်တွေ့ရမှာပါ၊
အထက်ပါပုံမျိုးတွေ့ရပါက သင့်ဘဏ်ကဒ်လုပ်လို့အောင်မြင်စွားပြီးဆုံးသွားပါပြီ၊ ဒီ့အတွက် သင့်ရဲ့ ဘဏ်ကဒ်ကိုတစ်ချက်စစ်ကြည့်ပါ၊ ဒါကို အွန်လိုင်းဘဏ်အကောင့်လို့ခေါ်ပါတယ်၊ ဒါကို အွန်လိုင်းမှာ ဘာဝယ်ဝယ် ဘာရောင်းရောင်း လွတ်လပ်စွားအရောင်းအ၀ယ်လုပ်လို့ရပါပြီ၊ ဒီကဒ်တွေက လုပ်ရတာ လွယ်ပေ မယ့်လို့ တကယ့်ကိုစိတ်ချရပါတယ်၊ အခုသင်အွန်လိုင်းရှိဘယ် အလုပ်ကို လုပ်လုပ် သင့်ကဒ်ရဲ့ အီးမေးလိပ်စာနဲ့လုပ်လို့ရပါပြီ၊ မရှင်းတာရှိရင် မေးလို့ရပါတယ်၊ ကျွန်တော် ငွေထုပ်ပုံ ကိုလည်း ရှင်းပြထားပါတယ် အဲ့ဒါကို နားလည်ဖို့ဆိုရင်တော့ အောက်ကလင့်မှာသွားရောက်ဖတ်ရူ့ပါ၊
Oline Bank ACC:
ဘဏ်ကိစ္စဆိုတာ မသိရင် ရူပ်ပါတယ်၊ လုပ်ဖူးမှသိတာပါ၊ ကျွန်တော် တို့နဲ့ တွဲလုပ်သူတိုင်းကို အစအဆုံးကူညီနိုင်ပါတယ်၊ လုပ်ရင်းနဲ့ တတ်သွားမှာပါ၊ ကျွန်တော်တို့သင်ပြမဲ့ နည်းတွေအားလုံးက သင်ပိုက်ဆံတစ်ပြားမှ ပေးစရာမလိုပါဘူး၊ ကျွန်တော်တို့ ဆိုက်မှာ ညွန်းထားတဲ့ အလုပ်တိုင်းအတွက် ငွေရမယ် ဆိုတာကို ကျွန်တော်တို့က အာမခံပေးသွားမှာပါ၊
သံသယရှိရင် ဒွိဟ ဖြစ်ရင် အားမနာတမ်းမေးလို့ရပါတယ်၊ သင်ဆက်သွယ်မေးမြန်းလိုရင်တော့ blade.blademan.man@gmail.com ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်(24/7) ။
|
Statistics
Total online: 1 Guests: 1 Users: 0
Share links with friends on social networks

 |