အွန်လိုင်းဘဏ်
အကောင့်ဆိုတာ gmail အကောင့် တခုနဲ့တူပါတယ်၊ တစ်ခုတည်းသော ကွာဟချက် က gmail က စာ အပေးအယူ
လုပ်ပြီး အွန်လိုင်း ဘဏ် အကောင့်ကတော့ ငွေ အပေးအယူလုပ်တာပါ၊ gmail အတိုင်းပါ
ပဲ၊ အွန်လိုင်းအကောင့်
(online account) ဖွင့်ဖို့ဘာမှထူးထူးခြားခြား မလိုပါဘူး၊ first name တွေ last name တွေနဲ့ပဲပြီးသွားတာပါ၊
Alertpay မှာ ပင်ကုတ်(pin code) ထည့်ရပြီး Paypal မှာ မထည့်ရပါဘူး၊ အင်တာနက်မှာ အကောင့်
ရှိရုံတင်ဆိုရင် အခုချက်ချင်း အွန်လိုင်းအကောင့် (online account) ကို ရယူနိုင်ပါတယ်၊
တစ်ပြား မှမကုန်ပါဘူး၊ အကောင့် ဖွင့် ပြီးရင် မိမိ အကောင့်ဖွင့်တုန်းက သုံးထားတဲ့
email address နဲ့ password တို့ကို အသုံးပြုပြီး စတင် အလုပ်လုပ် လို့ရပါပြီ၊ E-mail
address နဲ့ Password တို့ကိုတော့ အသေအချာ မှတ်ထားပါ၊ အကောင့်လုပ်ရတာ
လွယ်သလောက် စိတ်ချရပြီး အန္တရယ်ကင်း စွာနဲ့ အသုံးပြု နိုင်ပါတယ်၊ အသေအချာ လုပ်သွား ရင်တော့ လွယ်ကူချောမွှေ့စွာ ပြီးသွား
မှာပါ၊ ဒီမှာရတဲ့ အကောင့် ကစိတ်ချရတယ်၊ ပိုင်ရှင်ကလွဲလို့ ဘယ်သူမှသုံးလို့မရဘူး၊
ဒီအခန်း ကိုတော့
အွန်လိုင်းအကောင့် ရှိပြီးသား လူတစ်ယေက် ဘယ်လို စပြီး အသုံးပြုမလဲနဲ့ပက်သက်ပြီး တင်ပြ
ပေးသွားမှာပါ၊ ဒီစာကိုဖတ်နေသူကို ကျွန်တော် အွန်လိုင်းအကောင့်ရှိပြီးသားလူလို့ ယူစပါတယ်၊
အွန်လိုင်းမှာ အမှန်တကယ်ငွေရှာ တော့မယ် ဆိုပြီး ငွေရှာဖွေရေး ဆိုက်တစ်ခုကို ၀င်လိုက်ရင်
အဲ့ဒီ့ ဆိုက်က ငွေကို ဘယ်အွန်လိုင်း ဘာဏ်က လွဲမှာလဲလို့မေးမှာ ပါ၊ ဒါဆိုရင် မိမိ အကောင့် ပိုင်ဆိုင်ထားတဲ့ ဘာဏ်ကို
ညွန်းပြရပါမယ်၊ သူတို့က သင့်ရဲ့ ဘာဏ်အကောင့် မှ အီးမေး လိပ်စာကို မေးပါလိမ်မယ်၊ ဖြေပေးလိုက်ပါ၊
အန္တရယ် မရှိပါဘူး၊ ဒါဆိုရင် သင် အလုပ်လုပ် လို့ ရတဲ့ ပိုက်ဆံတွေကို သင့်ရဲ့အွန် လိုင်း
အကောင့်ထဲ လွယ်ကူစွာ လွဲလို့ရပါ ပြီ၊
အွန်လိုင်းပေါ်မှာ
တစ်စုံ တစ်ခု ၀ယ်မယ်ဆိုရင်လဲ သင့်ရဲ့ အွန်လိုင်း အကောင့်ကိုပဲ အသုံး ပြုပြီ ၀ယ်ယူနိုင်ပါ
တယ်၊ သင်ပစ္စည်းတစ်ခု ၀ယ်ယူမယ်ဆိုရင် သင်ဝယ်ယူမဲ့ဆိုက်က သင်အသုံး ပြုတဲ့ အွန်လိုင်း
ဘာဏ်ကို လက်ခံသလားဆိုတာ သိဖို့လိုပါတယ်၊ လက်ခံတယ် ဆိုရင်တော့ ပစ္စည်း ကို ၀ယ်ယူပြီး
သင့်အွန်လိုင်း အကောင့် မှတဆင့် သင့် အိမ်မှ နေ၍ ငွေပေးချေနိုင်ပါပြီ၊
သင့်ရဲ့ အွန်လိုင်း
အကောင့် မှာရှိတဲ့ ငွေကို ထုတ်ယူချင်တယ်ဆိုရင်တော့ သင့်အွန်လိုင်း ဘာဏ်အကောင့် ကိုသင့်
နိုင်ငံမှ (Cyber-banking) အသုံးပြု၍ ရတဲ့ ဘာဏ် နဲ့ချိတ်ဆက်ရမှာပါ၊ ဒါက မြန်မာ နိုင်ငံ
အနေနဲ့ လက်တစ်လောအချေအနေမှာ မဖြစ်နိုင်သေးပါဘူး၊ တည်ဆဲ အစိုးရအနေနဲ့ ဘာဏ်များ ကို လုပ်ကိုင်ခွင့်
ပေးတောင်မှ၊ အမေရိကန်ဦးဆောင်တဲ့ နောက် အုပ်စု တွေက ကျွန်တော်တို့နိုင်ငံ ကိုစီးပွားရေး
ပိတ်ဆို့အရး ယူထားတာကြောင့် အွန်လိုင်း ဘဏ်များ ဟာ ကျွန်တော်တို့ဘာဏ်တွေနဲ့ အလုပ်မလုပ်ပါဘူး၊
ဒါကလည်း သိပ်ကြာတော့ မယ်မထင်ပါဘူး၊ မကြာမှီ အချေအ နေ တိုးတက်လာနိုင်ပါတယ်၊
အခုတော့ ကျွန်တော့
အနေနဲ့ ကျွန်တော် ကိုတိုင် ဘာဏ်အကောင့် ဖွင့် ထားတဲ့ ထိုင်းနိုင် ငံ ရဲ့ ဘာဏ်တစ်ခုကို
အခြေခံ ပြီးရှင်း ပြပါမယ်၊ ထိုင်း နိုင်ငံကို အခြေပြု ပြီးရှင်း ပြရခြင်း ကတော့ သူတို့ဆီက ဘာဏ်တွေက ကျွန်တော် တို့ မြန်မာ နိုင်ငံသား
တွေကို ဘာဏ်အကောင့် လွယ်ကူစွာ ဖွင့်ခွင့် ပေးထား လို့ပါပဲ၊ သူတို့ က အခြားနိုင်ငံ ကလူတစ်ယောက်
သူတို့ဆီမှာ အကောင့် လာဖွင့်ရင် အလွန်ဝမ်းသာ ပါတယ်၊ သူတို့ဘာဏ် ကိုတစ်ခြား နိုင်ငံက
လူလာပြီး ရင်းနှီး မြုတ်နှံ လို့ပါ၊ အကောင့် ဖွင့်ဖို့ ဆိုရင် ဗမာနိုင်ငံသား မှတ်ပုံတင်
ရယ်၊ အိမ်ထောင်စု ဇယားမူရင်းရယ်၊ ထောက်ခံပေး မဲ့သူတစ်ယောက် ရယ်လို အပ်ပါတယ်၊(ထောက်ခံပေးမဲ့သူက
အဲ့ဒီ့ဘဏ်မှာ အကောင့်ဖွင့်ထားတဲ့ သူတော့ ဖြစ်ရပါမယ်၊ ATM ကဒ်ဖိုး ၃၀၀ နဲ့ ဘာဏ်ထဲ့ငွေ
၅၀၀ လိုပါမယ်၊ သင့်နာမည်ပေါက် ဘာဏ်အကောင့်စာအုပ်တစ်အုပ် နှဲ့ATM ကဒ်ရမယ်၊ Debit ကဒ် အမျိုး အစားပါ၊ ဒီနေရာ မှာ အထူးအရေး ကြီးတဲအချက်တစ်ချက်ရှိတယ်၊
သင် ဘာဏ်ကဒ်လုပ်စဲ အချိန်မှာ သင့်ရဲ့ ကဒ်ကို Cyber-banking ချိတ်မယ်လို့ ပြောဖို့လိုပါတယ်၊
ဒါဆိုရင်သူတို့သင့် ဆီက E-mail လိပ်စာ တောင်းလိမ့်မယ်၊ သင့်ရဲ့အီးမေးလိပ်စာ ပေးလိုက်ပါ၊
နှစ်ရက်အတွင်း သင့် အီးမေးလိပ်စာကို စာပို့လာ ပါလိမ့်မယ်၊ အကောင့် စစီအစဉ် ချပြီး ရင်
သင့်အကောင့် ဟာ တစ်ကမ္ဘာလုံး ရှိ အွန် လိုင်း ဘာဏ် များနဲ့စတင်ချိတ်ဆက်နိုင်ပါပြီ၊
ဒါဆို သင့်ရဲ့
Paypal နဲ့ Alertpay accounts တို့နဲ့ချိတ်ပြီး ထို Paypal နဲ့ Alertpay တို့၏
accounts ထဲတွင် ရှိတဲ့ ပိုက်ဆံတွေကို ထုတ်ယူ လို့ရပါပြီ၊ ငွေသွင်းချင်ရင်လံဒီအတိုင်းပါပဲ၊
ATM ဆက်ရှိတဲ့ နေရာကိုသွားပါ သင့် ကို ဘဏ်ကပေးထားတဲ့ ATM ကဒ်ကိုစက်ထဲထည့် deposit လုပ်ချင်တဲ့
ပမာဏကို ကီးဘုတ်မှာ ရုက်ပြီး ငွေ သွင်းရုံပါပဲ၊ ဘာဏ်ကိုသွား စရာမလိုပါဘူး၊( အဲစကက်က
နှစ်မျိုးရှိတယ် Cash-out နဲ့ Deposit, ငွေထုတ်ချင်ရင် Cash-out ငွေသွင်းချင်ရင်
Deposit၊ အားလုံး ကိုလွယ်လွယ်လေး လုပ်လို့ရတယ်၊
သင်တို့အနေနဲ့
တကယ်ကို လုပ်လို့ရပါတယ် ထိုင်းနိုင်ငံမှာ ဘဏ်ကဒ် မဖွင့်ပဲ သင့်လက်ထဲပိုက်ဆံရောက် အောင် တစ်ခြား နည်းလည်းသုံးလို့ရပါတယ်၊ အလွန်စိတ်ချရ
ပြီး သင့်အိမ်ကနေ ဘယ်မှ ခရီးထွက်စရာ မလိုပါဘူး၊ အသေးစိတ်သိချင်ရင် ကျွန်တော့ ကို ဆက်သွယ်ပါ၊
အထက်ပါနည်းတွေထဲ
မှာ တစ်ချို့အချက်တွေက ကျွန်တော် ပြောတာ လွယ်သလောက် တကယ်တမ်း လုပ်ရင် အခက်အခဲ တစ်ချို့တွေ့
ရတက်ပါတယ်၊ အထူးသဖြစ် ထိုင်း ဘဏ်အကောင့် အစီအစဉ်ချတဲ့ အချိန်နဲ့ အစီအစဉ် ချပြီးသား ထိုင်းဘဏ်အကောငခ့ကို Paypal သို့မဟုတ်
Alertpay တို့ ချိတ်တဲ့အခါ ပညာ တအား ပါပါတယ်၊ ထိုင်းလူမျိုးနဲ့ ထိုင်းဘဏ်ဝန်ထမ်း တောင်
Debit ကဒ်ကို အသုံး ပြုပြီး Paypal တို့ Alertpay တို့နဲ့ မချိတ်တတ် ပါဘူး၊ ဘာဖြစ်လို့လဲ
ဆိုတော့ Paypal နဲ့ Alertpay က သူတို့နဲ့ ချိတ်စက်ဖို့ Debit ကဒ်တွေကို လက်သင့်မခံလို့ပါ၊
ဒါပေမဲ့ ကျွန်တ်ေတို့ ကို ပေးတဲ့ Debit ကဒ်နဲ့
Paypal နဲ့ Alertpay ကိုချိတ်လို့ရတဲ့နည်းရှိပါတယ်၊ ကျွန်တော်နောက်ပိုင်း တင်ပြပေးပါမယ်၊
အထက်ပါ ရှင်းပြချက်တစ်ချို့ ဟာ တကယ်ထမ်းလုပ်ရင် အခက်အခဲ တော်တော် များများ နဲ့ ရင်
ဆိုင်ရပါတယ်၊ စိတ်အေးအေးထား ပြီး တစ်ဆင့်ခြင်းလုပ်ဆောင်ဖို့လိုအပ်တယ်၊ အခက်အခဲက တွေ့ကို
တွေ့မှာ ပါ။ အခက်တွေ့ရင် သေချာ စဉ်းစာ ပါ၊ မဖြေရှင်း နိုင်ရင် ရပ်ထား ပါ၊ အတင်းတွန်းလုပ်ရင်
ကဒ် ပျက်သွားတတ်ပါတယ်၊ မှားရင်ပြင်ဆင်ခွင့်မပေးပါဘူး၊ ဘဏ်ကိုနောက်တစ်ခေါက်ထပ်သွား ပြီး
မပြီးနိုင်တဲ့ ဖြေရှင်း ချက်တွေပေးနေရတတ်ပါတယ်၊ ကျွန်တော် အတင်း ဖြဲချေက်နေတာ မဟုတ်ပါဘူး၊
ကျွန်တော် ကိုတိုင် ကဒ်သုံးခု ဆုံးရူံး ဘူးလို့ပါ၊ ကျွန်တော့ ညီနာမည်နဲ့ဖွင့်လိုက်၊
ညီမနာမည်နဲ့ဖွင့်လိုက်နဲ့ နောက်ဆုံး သူငယ်ချင်းနာမည်နဲ့ဖွင့်တဲ့တစခု ကျမှပဲ စအောင်မြင်တာပါ၊
ဒီတော့ဗျာ အွန်လိုင်းမှာ အလုပ်လုပ်တော့မယ်ဆို နိုင်ငံဘဏ်အကေင့်မဟုတ်တောင် အွန်လိုင်း
ဘာဏ်အကောင့်တော့ သေချာ အရင်ဖွင့်လိုက်၊ ဒါဆိုအလုပ်စလို့ရပြီ၊