Photobucket


MMFH

Log out
 

PTC ဆိုက်ဆိုတာ ဘာ လဲဆိုတာကို သိအောင် ဒီမှာ ရှင်းပြမယ်၊ PTC ရဲ့မူရင်း အင်္ဂလိပ်စာလုံးကတော့                Pay To Click,  မြန်မာလိုဘာ သာ ပြန်ရင် ခလစ်နှိပ်ရင် ပိုက်ဆံပေးတယ်ဆိုတဲ့ အဓိပါယ်ပါ၊  အွန်လိုင်း              ပ်ါမှာ ၀က်ဆိုက် တွေအများ ကြီး ရှိပါတယ်၊ သူတို့ထဲက ပိုက်ဆံ ချမ်းသာပြီးငွေပေါတဲ့ ကုမ္မဏီတွေ က သူ            တို့ရဲ့ ထုတ်ကုန်ကို ကမ္ဘာ တစ်ဝှမ်းမှာ ရှိတဲ့ လူတွေသိစေချင်ကြပါတယ်၊ အလွယ် ကူဆုံးနဲ့ အထိရောက်ဆုံး နည်းကတော့ နေ့စဉ် လူကုဋ္ဋေ ပေါင်းများစွာ ကျင်လည်ကျက်စားနေတဲ့ အွန်လိုင်းဈေး ကွက်မှာ           ကြော်ငြှာ           ဖို့ပါပဲ၊ ဒါပေမဲ့ အွန်လိုင်းမှာလဲ သူတို့အနေနဲ့ သူတို့ရဲ့ ကြော်ငြှာ ပစ္စည်းကို သူတို့ ကိုပိုင် ဆိုက်မှာ တင်ရောင်းရုံ             ကြော်ငြာတင် ရုံနဲ့တင် မရပြန်ပါဘူး၊ ပြသာနာက ဘယ်သူကသူတို့ ဆိုက်ကို ၀င်ကြည့်မှာလဲ၊ ၀က်ဆိုက်တင်     တိုင်း  လူဝင်ကြည့်တာမှမဟုတ်တာ၊ အဲ့ဒိတော့ လူရှာဖွေရေး နဲ့ပက်သက်လို့ ဖြေရှင်းချက်တွေကိုရှာ တော့   နေ့စဉ်အွန်လိုင်းပေါ်မှာ လူအသုံး အများဆုံး ဖြစ်တဲ့ Google, Yahoo, Bing, Facebook,  အခြားဆိုရှယ် ဆိုက်တစ်ချို့ ကို တွေ့သွားပါတယ်၊ အဲ့ဒိ့ ဆိုရှယ်ဆိုက်တချို့ရဲ့ Home Page မှာ သူတို့ရဲ့ ကြော်ငြှာကို တင်ထား    လိုက် ရင် သူတို့ ရဲ့ ကြော် ငြှာ ကို နေ့ စဉ် လူပေါင်း ကုဋ္ဋေ နဲ့ ချီပြီး တွေ့ တော့ မယ်ဆိုတဲ့ အကြံနဲ့  အဲ့ဒိ့ ဆိုရှယ် ဆိုက်တွေနဲ့ စာချုပ်တွေချုပ် ငွေတွေ ဒေါ်လာသန်းပေါင်းများစွာ ပေးပြီးသူတို့ ရဲ့ကြော်ငြှာတွေကို စတင်ခဲ့ပါတယ်၊ ဒိလိုနဲ့ပဲ နာမည်ကြီးတဲ့ဆိုက်ကြီးတွေမှာ  ကြော်ငြှာတွေ ပုံနဲ့ တစ်မျိုး စာနဲ့တစ်လွှာ ၀င်ရောက်လာကြတော့ပါတယ်၊ ဒါပေမဲ့ ကြော်ငြှာတဲ့ ကုမ္မဏီ  တွေထဲက တစ်ချို့ ကထင်သလာက်ခရီးမပေါက်ကြပါဘူး၊ အဲ့ဒီ့လိုအပ်ချက်ကို ဖြည့်ဖို့ အတွက် PTC ဆိုက်တစ်ချို့ ပေါ်ထွက်လာပါတယ်၊ PTC ဆိုက်တွေက ကုမ္မဏီတွေကနေ သင့်သင့်တဲ့ငွေပမာဏ နဲ့ ကြော်ငြှာတွေကို လက်သင့် ခံပါတယ်၊ အဲ့ဒီ့ ကုမ္မဏီကကြော် ငြှာတွေကို လူတစ်ထောင်ကြည့် ရင် $5 မှ $10 အထိ အခကျေးငွေယူပြီး သူတို့ ၀က်ဆိုက်တွေမှာ တင်ပြကြပါတယ်၊ ပြီးတော့ သူတို့က ကြော်ငြှာ ကြည့်မယ့်လူရှာပါတယ်၊ အဲ့ဒီ့ ကြော်ငြှာ ကြည့်မယ့်လူတွေကို အယောက် တစ်ထောင်ကို $2 မှ $5 အထိပေးပြီးဝင်ကြည့်ခိုင်းပါတယ် နို့ပေမဲ့ ကြော်ငြှာ ကြည့်တဲ့လူတွေက ၅ စက္ကန့်မှ ၁၀စက္ကန့် အထိအတိအကျ ကြည့်ပေးရပါ တယ် ၊  ဒီလိုနည်းနဲ့ PTC ဆိုက်တွေက အွန်လိုင်းပေါ်မှာ နေရာရလာကြပါတယ်၊ ကြော်ငြှာ တဲ့သူကလည်း သူ့ကြော်ငြှာကို  လူတွေသေချာကြည့်တဲ့အတွက် ကျေနပ်သလို၊ ကြော်ငြှာ လက်ခံတဲ့ ဆိုက်ကလည်း အမြတ်ရတော့ ကျေနပ်ကြပါတယ်၊ အဲ ကြော်ငြှာ ကြည့်ပြီး ပိုက်ဆံရှာတဲ့ ကျွန်တော်တို့အနေနဲ့ ကလည်း ကျေနပ်မူရှိပါတယ်၊ ဒါက PTC ဆိုက်တွေရဲ့ ဖြစ်တည်မူပါပဲ၊

 

ဒီမှာသတိပြုစရာ အချက်တွေ တောင်လိုပုံနေပါတယ်၊ ခင်ဗျားတို့ကို ကျွန်တော် အထူးသတိပေးချင် တာက အွန်လိုင်းပေါ်မှာ PTC ဆိုက် ၁၅၀၀၀ ကျော်ရှိပါတယ်၊ ဒါပေမဲ့ တကယ်ပိုက်ဆံ ပေးတဲ့ဆိုက်က ငါးဆယ် ၀န်းကျင်ပဲရှိတယ်၊ အဲ ကျွန်တော် ပြော တာ ကို မယုံရင်လဲ ကို့ဟာကို လေ့လာကြည့်နိုင်ပါတယ်၊ တစ်ချို့ အခွင့်အရေး ရှာနေတဲ့သူတွေက PTC ဆိုက်အတုတွေ ဖွင့် တယ်။ ခင်ဗျား တို့ဆီက ၀င်ကြေး တောင်းလိမ့်မယ် ပြီးရင် ပြောက်သွားရော၊ တစ်ချို့ ပိုလို့တောင်ဆိုးသေးတယ်၊ ခင်ဗျား ကို သုံး လလောက်အလုပ်ခိုင်းပြီး ပြီးရင် ခင်ဗျား ငွေလဲထုတ်ရော ခင်ဗျားကို ဘာ မှ အကြောင်း မပြန်တော့ဘူး၊ အဲ့ဒီ့တော့ ကျွန်တော် အ ကြံပြုချင်တာက ကျွန်တော် ပြော တဲ့ဆိုက်တွေကို အရင်လုပ်ပါ၊ အတိအကျလေ့လာ ပြီး နှစ်အတော် ကြာ ပြသာနာမရှိတဲ့ဆိုက်တွေကို ကျွန်တော် တင်ပြထား တာ ပါ၊ ဒါပေမဲ့ ကို့ပါကို လေ့လာချင်ရင် လဲ သဘော ပါ သတိထား ပါလို့ပဲ ပြော ပါရစေ၊

ဒီမှာ နိဂုံး ချုပ် အနေနဲ့ ပြော ချင်တာက တော့၊ PTC ဆိုက်ဟာ ငွေနည်းနည်း ပဲဝင်ပါတယ်၊ ဆိုက်တစ်ခု ကို တစ်လ $1.5 နေ $2 အထိပဲ ၀င်ပါတယ်၊ ဒါပေမဲ့ ဆိုက် ၅၀ လောက် ချိတ်ထားနိုင်ရင် တော့ တစ်လ $100 ၀န်းကျင်ရပါလိမ့်မယ်၊ ဒါပေမဲ့ တစ်နေ့ကို ၃ နာရီထက်ပိုပြီး အလုပ်လုပ်စရာ မလိုပါဘူး၊ PTC ဆိုက်ရဲ့ သဘောက လွယ် တယ်၊ လက်ချောင်းတစ်ချောင်း ရှိရင် အလုပ်လုပ်လို့ရ တယ်၊ ဒါပေမဲ့ ငွေဖြည်းဖြည်း ချင်းပဲရှာ လို့ရမယ်၊

တစ်လမှ $100 ထဲဆိုလို့ စိတ်မညစ်သွားပါနဲ့ ၊ ကျွန်တော် တို့ ဆိုက်ရဲ့ငွေရှာ ဖွေရေး အစီအစဉ် တွေရဲ့ ပထမအဆင့်ပဲရှိပါတယ်၊ ကျွန်တော်တို့ ဒါမျိုး အများ ကြီး ထပ်သင်ပြသွားမှာပါ၊ ဒါမျိုး အလွယ်ဆုံး ငွေရှာ တဲ့နည်းတွေ အများကြီးရှိပါတယ်၊

Statistics


Total online: 1
Guests: 1
Users: 0


The Widgipedia gallery
requires Adobe Flash
Player 7 or higher.

To view it, click here
to get the latest
Adobe Flash Player.





Share links with friends on social networks






free counters